focus in
# 869197
USD 7.50 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

နေ့ရက်တိုင်း ပျော်ပါစေ

Author :  ယွန်း @ Precious Y

Product Details

Country
Myanmar
Publisher
ဦးနိုင်ဝင်းဇော်
ISBN 9697006061237
Format PaperBack
Language Burmese
Year of Publication 2024
Bib. Info 128p.
Categories Literature
Product Weight 160 gms.
Shipping Charges(USD)

Product Description

တချိူ့က “မိုးရာသီမှာ မိုးရွာတာ မဆန်းပါဘူး”လို့ သဘောထားတတ်တယ်။ တချို့ကတော့ “ဒီမိုးကလည်း ထီးမပါမှ ရွာပြန်ပြီရယ်”လို့ ညည်းညူတတ်တယ်။ ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးနဲ့ ရှုးမြင်ပုံပါပဲ။ သူ့စိတ်နဲ့ သူ၊ သူ့အခြေအနေနဲ့ သူပါပဲ။ လူသားတိုင်း လောကဓံနဲ့ မကင်းကြသလို လူကိုလူချင်း ကွဲပြားစေတာကလည်း သူတို့ ဘဝကို သူတို့ ဘယ်လို ပဲ့ကိုင်မောင်းနှင်နေသလဲဆိုတဲ့ Mindset တွေနဲ့ Habit တွေပါပဲ။ကိုယ့်စိတ်ဓာတ်၊ ခံယူချက်နဲ့ အလေ့အကျင့်တွေပေါ် မူတည်ပြီး ကိုယ့်Brand တွေရဲ့တန်ဖိုးဟာ ကွာခြားလာကြရပါတယ်။ ဒီစာအုပ်လေးမှာ... • ကိုယ်စီရှင်သန်နေထိုင်ကြတဲ့ဘဝရဲ့တန်ဖိုးတွေ အဓိပ္ပာယ်ရှိစေဖို့၊ • နေ့ရက်တိုင်း၊ ဖြစ်စဉ်တိုင်းမှာ ပူလောင်ရခြင်း၊ မောပန်းရခြင်းတွေ ပါးလျသထက် လျော့ပါးလာစေဖို့ရာ ဘယ်လို Attitude (စိတ်နေ‌စိတ်ထား)နဲ့ လက်ခံကြမလဲ၊ ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာတွေ အောင်မြင်ပျော်ရွှင် အေးချမ်းတဲ့ Smart Life လေး ပိုင်ဆိုင်နိုင်အောင် ကိုယ့်စိတ်နဲ့ ကိုယ်ကို ဘယ်လို positive mindset တွေနဲ့ ပြင်ဆင်လေ့ကျင့်နေထိုင်ကြမလဲဆိုတာတွေကို sharing is caring ဆိုတဲ့အတိုင်း ချစ်ခင်စွာ မျှဝေပေးထားပါတယ်။မတူကွဲပြားခြင်းတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ နှိုင်းယှဥ် ဝေဖန်ခြင်း ဆိုတဲ့ Negative vibe တွေကို ဘယ်လိုရှောင်ရှားကြမလဲဆိုတာ အရေးကြီးတယ် မဟုတ်လား။ ကိုယ့်ရဲ့ စိတ်အား၊ ကိုယ်အား၊ ဉာဏ်အားရှိသမျှကို အကျိုးရှိစွာ အသုံးချနိုင်ရင် မျှော်လင့်ခြင်းကင်းတဲ့ ပေးဆပ်ခြင်းမှာ ကျေနပ်စွာ မွေ့ပျော်တတ်လာမှာပါ။ ဖြစ်ပေါ်လာမယ့် ကြုံတွေ့လာရမယ့် ကိစ္စတွေတိုင်းမှာ မိုးရာသီမှာ မိုးရွာတာ သဘာဝ ပါလေလို့ သဘောထားနိုင်ခဲ့ရင်၊ မိုးများရွာခဲ့ရင်ဆိုတာကို ကြိုတွေးပြီး ထီးကလေးဆောင်ထားနိုင်ခဲ့ကြမယ်ဆိုရင် ဟန်မပျက် လိုရာခရီးဆက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အရာရာတိုင်းအပေါ် မှာ Just go with the flow ဆိုတဲ့ စိတ်ကလေးထားပြီး ဘယ်လိုမျိုး အလိုက်သင့်လေး စီးမြောသွားနိုင်မလဲ ဆိုတာကိုတော့ ဒီစာအုပ်လေးထဲမှာသာ ဆက်လက်ခံစားကြည့်ပါနော်။

Product added to Cart
Copied